ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org (1983)
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Русский
- Н. И. Герасимов (2010)
Nederlands
- Peter van Loosbroek
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2023)
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဓမ္မစရိယသုတ်
၂၇၇-၂၇၈။ တရားကျင့်ခြင်းကိုလည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်းကိုလည်းကောင်းဤနှစ်ပါးစုံကို မြတ်သော ဥစ္စာရတနာဟူ၍ ဆိုကုန်၏။ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ရဟန်းပြုသူ အကယ်၍ ဖြစ်သော်လည်း ဖြစ်စေ ကာမူ ထိုရဟန်းသည် နှုတ်ကြမ်းသော သဘောရှိသူသူတစ်ပါးတို့ကို ညှဉ်းဆဲခြင်း၌ အလွန်မွေ့လျော်သူ သားသမင်နှင့် တူသူဖြစ်ခဲ့ပါမူ ထိုရဟန်း၏ အသက်ရှင်နေခြင်းသည် ယုတ်ညံ့၏။ မိမိ၏ ကိလေသာမြူကို ပွါးစေ၏။ (၁-၂)
၂၇၉။ ခိုက်ရန်ဖြစ်ခြင်း၌ မွေ့လျော်သော ရဟန်းသည် မောဟတရားဖြင့် ဖုံးလွှမ်းသည်ဖြစ်၍ (သူတော်ကောင်းတို့) ပြောကြားသည်ကိုလည်း မသိနိုင်၊ မြတ်စွာဘုရား ဟောကြားအပ်သောတရားကိုလည်း မသိနိုင်။ (၃)
၂၈ဝ။ စိတ်ကို ပွါးများပြီးသော ရဟန္တာပုဂ္ဂိုလ်တို့ကို ညှဉ်းဆဲသောသူသည် အဝိဇ္ဇာခြံရံအပ်သည်ဖြစ်၍ (ယခုဘဝ၌) စိတ်ညစ်ညူးကြောင်း (နောင်အခါ ) ငရဲသို့ ကျရောက်ကြောင်းဖြစ်သော အကုသိုလ်လမ်းခရီးကို မသိနိုင်။ (၄)
၂၈၁။ (ဤသို့ မသိသူသည် ဤခရီးဖြင့်ပင်) ပျက်စီး၍ကျရာ အပါယ်သို့ ရောက်ရ၏။ အမိဝမ်းတိုက်တစ်ခုမှ အမိဝမ်းတိုက်တစ်ခုသို့ အမိုက်တိုက်တစ်ခုမှ အမိုက် တိုက်တစ်ခုသို့ ရောက်ရ၏။ ထိုသို့ သဘောရှိသော ထိုရဟန်းသည် တမလွန်ဘဝ၌ ဆင်းရဲသို့ ရောက်ရ၏။ (၅)
၂၈၂။ နှစ်-လ-များစွာ ကြာရှိပြီးသော မစင်တွင်းသည် မစင်ဖြင့် ပြည့်သည်ဖြစ်၍ (ဆေးကြောနိုင်ခဲသည်) ဖြစ်ရာသကဲ့သို့ အကြင်ရဟန်းသည် လည်း ဤဥပမာ သဘောရှိသူ ဖြစ်ငြားအံ့၊ ကိလေသာ အညစ်အကြေးရှိသော ထိုရဟန်းသည် အကုသိုလ်မစင်ဖြင့် ပြည့်သဖြင့် ဆေးကြော၍စင်ကြယ်စေနိုင်ခဲ၏။ (၆)
၂၈၃။ ရဟန်းတို့ ကာမဂုဏ်ငါးပါးကိုမှီသော ယုတ်ညံ့သော အလို ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' ရှိသော ဤသို့ သဘော ရှိသည့် အကြင်ရဟန်းကို သင်တို့ သိကြကုန်မူ- (၇)
၂၈၄။ အလုံးစုံသော သင်တို့သည် ညီညွတ်ကြကုန်လျက် ထိုရဟန်းကို ရှောင် ကြဉ်ကြကုန်လော့၊ အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ကြကုန်လော့၊ ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ကြကုန်လော့။ (၈)
၂၈၅။ စပါးဖျင်းကဲ့သို့ ရဟန်းတို့ကို ထိုသံဃာ့ဘောင်မှ မျှောလွှင့်ကြကုန်လော့၊ ရဟန်းမဟုတ်ဘဲငါရဟန်းဟုမှတ်ထင်သော ယုတ်ညံ့သော အလို ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် 'အာစာရ'ကျက်စားရာ 'ဂေါစာရ' ရှိကုန်သော ရဟန်းတို့ကို နှင်ထုတ်ကြကုန်၍- (၉)
၂၈၆။ စင်ကြယ်သော ရဟန်းတို့သည် စင်ကြယ်သော ရဟန်းတို့နှင့် ရိုသေကျိုး နွံကြကုန်လျက်ပေါင်းသင်းမှုကို ပြုကြကုန်လော့၊ ထို့နောက် ညီညွတ်ကြကုန် ပညာဉာဏ် ရင့်ကျက်ကြကုန်သည်ဖြစ်၍ဆင်းရဲ၏ အဆုံးကို ပြုကြကုန်လော့ဟု (မိန့်တော်မူ၏)။ (၁ဝ)
ခြောက်ခုမြောက် ဓမ္မစရိယသုတ် ပြီး၏။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org (1983)
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Русский
- Н. И. Герасимов (2010)
Nederlands
- Peter van Loosbroek
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2023)
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဓမ္မစရိယသုတ်
အကြောင်းအရာများ [၁]
English