ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Português
- Michael Beisert (2006)
Русский
- Н. И. Герасимов (2009)
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Slovenščina
- Ajahn Hiriko
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပရမဋ္ဌကသုတ်
၈ဝ၃။ လောကသည် (ဤအယူသည်သာ) မြတ်၏ဟု (မိမိ) မိစ္ဆာအယူတို့၌ စွဲယူ နေသော သတ္တဝါအပေါင်းသည် မိမိအမွန်အမြတ်ပြုလုပ်ထားသည့် ဆရာမှ တစ်ပါးသော ဆရာအားလုံးတို့ကို ယုတ်ညံ့သူတို့ဟု ပြောဆို၏။ ထို့ကြောင့် ထိုပြောဆိုသူသည် ငြင်းခုံခြင်းတို့ကို မလွန်မြောက်နိုင်။ (၁)
၈ဝ၄။ အကြင်သူသည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း၊ မလွန်ကျူးမှု 'သီလ' နွား ခွေးစသည်တို့၏ အကျင့် 'ဝတ'၌လည်းကောင်းမိမိ၌ အကျိုးအာနိသင်ကို မြင်၏။ ထိုသူသည် ထို အယူ၌ ထိုအကျိုးအာနိသင်ကိုသာလျှင် စွဲယူပြီး၍အခြားဆရာအားလုံကို ယုတ်ညံ့သောအားဖြင့် မြင်၏။ (၂)
၈ဝ၅။ မိမိဆရာစသည်ကို အမှီပြုလျက် အခြားသော ဆရာစသည်ကို ယုတ်ညံ့ သူဟု ရှုမြင်ခြင်းကိုလည်း ချည်နှောင်တတ်သော 'ဂန္ထ'တရားဟူ၍ ပညာရှိတို့ ဆို ကြကုန်၏။ ထို့ကြောင့် ပင်ရဟန်းသည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း၊ မလွန်ကျူးမှု 'သီလ' နွား ခွေးစသည်တို့၏ အကျင့် 'ဝတ'၌လည်းကောင်း မမှီခိုရာ။ (၃)
၈ဝ၆။ လောက၌ ဉာဏ်ဖြင့်လည်းကောင်း၊ မလွန်ကျူးမှု 'သီလ' နွား ခွေးစသည်တို့၏ အကျင့်'ဝတ'ဖြင့်လည်းကောင်း မိစ္ဆာအယူကိုလည်း မဖြစ်စေရာ၊ မိမိကိုယ်ကို သူတစ်ပါးနှင့် တူသူဟူ၍လည်းမနှိုင်းယှဉ်ရာ၊ ယုတ်ညံ့သူဟူ၍လည်းကောင်း၊ ထူးမြတ်လွန်ကဲသူဟူ၍လည်းကောင်း မအောက်မေ့ရာ။ (၄)
၈ဝ၇။ ထိုသူသည် အတ္တဒိဋ္ဌိကို ပယ်စွန့်၍ မစွဲလမ်းတော့ဘဲ ဆိုအပ်ခဲ့ပြီးသောဉာဏ်၌သော်လည်းတဏှာဒိဋ္ဌိဟူသောမှီရာကို မပြု၊ အယူဝါဒကွဲပြားသူတို့၌ ကွဲပြားသော အစုအဖွဲ့နောက်သို့ မလိုက်မူ၍ မိစ္ဆာအယူ တစ်စုံတစ်ရာကိုမျှလည်း မယုံကြည်တော့ပေ။ (၅)
၈ဝ၈။ ဤလောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်အား ဤဘဝ မိမိအတ္တဘော၌လည်းကောင်း၊ တမလွန်ဘဝအခြားသော အတ္တဘော၌လည်းကောင်း နှစ်ပါးသော အဖို့ အစု၌ အဖန်တစ်လဲလဲဖြစ်ရန်တောင့်တမှုတဏှာ မရှိ၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတရားတို့၌ စွဲမြဲယူဆအပ်သော ဒိဋ္ဌိအယူကို ဖြတ်တောက်ပြီးဖြစ်သောကြောင့် ထိုရဟန္တာပုဂ္ဂိုလ်အား (အမှား) နှလုံးသွင်းမှု တစ်စုံတစ်ရာမျှမရှိတော့ကုန်။ (၆)
၈ဝ၉။ ဤလောက၌ ထိုရဟန္တာပုဂ္ဂိုလ်အား မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓရသ ဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း ကြံဆအပ်သော သညာကြောင့် ဖြစ်သော မိစ္ဆာအယူ အနုမြူမျှ မရှိ၊ မိစ္ဆာအယူကို မယူသော ထိုရဟန္တာ ပုဂ္ဂိုလ်ကို ဤလောက၌ အဘယ်မျှသောတဏှာဒိဋ္ဌိဖြင့်တစ်စုံတစ်ယောက်သောသူသည် ဖျက်ဆီးနိုင်ရာအံ့နည်း။ (၇)
၈၁ဝ။ ထိုရဟန္တာတို့သည် တဏှာဒိဋ္ဌိဖြင့် မကြံစည်ကြကုန်၊ တဏှာဒိဋ္ဌိတို့ ရှေးသွား မပြုကြကုန်၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတရားတို့ကို လက်မခံကြကုန်၊ ရဟန္တာ ပုဂ္ဂိုလ်ကို မလွန်ကျူးမှု 'သီလ' နွားခွေးစသည်တို့၏ အကျင့် 'ဝတ'သည် မဆွဲဆောင်နိုင်၊ တာဒိဂုဏ်နှင့်ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်သည် နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးသည်ဖြစ်၍ သံသရာတည်းဟူသော ဤမှာ ဘက်ကမ်းသို့ ပြန်မလာတော့ပြီ။ (၈)
ငါးခုမြောက် ပရမဋ္ဌကသုတ် ပြီး၏။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Português
- Michael Beisert (2006)
Русский
- Н. И. Герасимов (2009)
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Slovenščina
- Ajahn Hiriko
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ပရမဋ္ဌကသုတ်
အကြောင်းအရာများ [၁]
English