ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Português
- Michael Beisert (2006)
Русский
- Н. И. Герасимов (2009)
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Slovenščina
- Ajahn Hiriko
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဇရာသုတ်
၈၁၁။ (လူတို့၏) ဤအသက်သည် နည်းငယ်တိုတောင်းလှလေစွ၊ အနှစ်တစ်ရာ အတွင်း၌သော်လည်းသေတတ်၏။ အနှစ်တစ်ရာကို လွန်၍ အသက်ရှင်စေကာမူ အိုမင်းရင့်ရော်၍သော်လည်း သေတတ်၏။ (၁)
၈၁၂။ လူတို့သည် မြတ်နိုးဖွယ်ဝတ္ထုကြောင့် စိုးရိမ်ပူဆွေးကြကုန်၏။မှန်၏-အမြဲထာဝရသိမ်းဆည်းထားနိုင်သော ပစ္စည်းဝတ္ထုတို့မည်သည် မရှိကြကုန်၊ ဤသို့ အမြဲထာဝရသိမ်းဆည်း မထားနိုင်ခြင်းသည် (လောက၌) ထင်ရှားဖြစ်ပေါ် နေသော ကွေကွင်းပျက်စီးခြင်းပင်တည်းဟု မြင်၍ အိမ်ရာတည်ထောင် လူတို့ ဘောင်၌ မနေရာ။ (၂)
၈၁၃။ ယောကျာ်းသည် အကြင်မြတ်နိုးဖွယ် ဝတ္ထုပစ္စည်းကို ဤဥစ္စာကား ငါ့ဥစ္စာတည်းဟုမှတ်ထင်၏။ ထိုဥစ္စာရှင်ယောကျာ်း သေသောအခါ ထိုမြတ်နိုးဖွယ် ဝတ္ထုပစ္စည်းကို ပယ်စွန့်သွားရ၏။ (ရတနာသုံးပါးကို) မြတ်နိုးသော ပညာရှိသည် ဤအကြောင်းကိုလည်း သိ၍ ငါ့ဟာဟု စွဲလမ်းအပ်သော ဝတ္ထု၌ မညွတ်ကိုင်းရာ။ (၃)
၈၁၄။ ယောကျာ်းသည် အိပ်မက်ထဲ၌ တွေ့ဆုံကြုံကြိုက်သောသူကို နိုးသောအခါ မတွေ့မြင်ရတော့သကဲ့သို့ ဤအတူပင် ချစ်မြတ်နိုးအပ်သောတမလွန်ဘဝသို့ ပြောင်းသွားကွယ်လွန်လေပြီးသောသူကို မတွေ့မြင်ရတော့ပေ။ (၄)
၈၁၅။ အကြင်သူတို့၏ ဦးဖြူ ဦးမည်းစသော ဤအမည်ကို ခေါ်ဝေါ်ပြောဆိုရာ၏။ ထိုသူတို့ကို မြင်လည်း မြင်ရ ကြားလည်း ကြားရကုန်၏။ ထိုသတ္တဝါကွယ်လွန်သည်ရှိသော်မှည့်ခေါ်ထားသော ဦးဖြူ ဦးမည်းစသော အမည်မျှသာ ကြွင်းကျန် ရစ်တော့၏။ (၅)
၈၁၆။ မြတ်နိုးဖွယ်ဝတ္ထု၌ မက်မောတွယ်တာသူတို့သည် စိုးရိမ်ပူဆွေး ငိုကြွေးမှု ဝန်တိုမှုကို မစွန့်လွှတ်နိုင်ကြကုန်၊ ထို့ကြောင့် ဘေးမရှိရာ (နိဗ္ဗာန်) ကို ိ မြင်ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် သိမ်းဆည်းမှုကို စွန့်လွှတ်၍ ကျင့်ကြကုန်ပြီ။ (၆)
၈၁၇။ ဆိတ်ငြိမ်သောနေရာသို့ ချဉ်းကပ်လျက် (မြတ်နိုးဖွယ်အာရုံမှ) တွန့် ဆုတ်သော စိတ်ရှိသည်ဖြစ်၍ ကျင့်သော ရဟန်း၏ ထိုအကျင့်ကို ညီညွတ် ကောင်း မြတ်သောအကျင့်ဟူ၍ဆိုကြကုန်၏။ ယင်းသို့ ကျင့်သော ရဟန်းသည် မိမိကိုယ်ကို သုံးဆယ့်တစ်ဘုံ၌ မမြင်စေတော့ပေ။ (၇)
၈၁၈။ တဏှာဒိဋ္ဌိတို့ဖြင့် မမှီသော ရဟန္တာပုဂ္ဂိုလ်သည် အတွင်းအပ တရားအား လုံးတို့၌ ချစ်ခြင်းကိုလည်း မပြု၊ မုန်းခြင်းကိုလည်း မပြု၊ ကြာဖက်၌ ရေသည် မကပ်ငြိသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၌ ငိုကြွေးမှု ဝန်တိုမှုသည် မကပ်ငြိနိုင်။ (၈)
၈၁၉။ ကြာဖက်၌ ရေပေါက်သည် မကပ်ငြိသကဲ့သို့လည်းကောင်း၊ ပဒုမ္မာကြာ၌ ရေသည်မကပ်ငြိသကဲ့သို့လည်းကောင်း ဤအတူ ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌ မကပ်ငြိတော့ ပေ။ (၉)
၈၂ဝ။ ကိလေသာကို ခါတွက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့၌ ထိုတဏှာ မာန ဒိဋ္ဌိဖြင့် မစွဲလမ်း မမှတ်ထင်၊ တစ်ပါးသောအကျင့်ဖြင့် စင်ကြယ်ခြင်းကို အလိုမရှိ၊ ထို ရဟန္တာသည် (ဗာလပုထုဇဉ်ကဲ့သို့) တပ်နှစ်သက်တတ်သူလည်း မဟုတ်၊ (ကလျာဏ ပုထုဇဉ် သေက္ခတို့ကဲ့သို့) တပ်နှစ်သက်ခြင်း ကင်းဆဲလည်း မဟုတ်၊ (တပ်နှစ် သက်ခြင်းကင်းပြီးသူ ဖြစ်၏)။ (၁ဝ)
ခြောက်ခုမြောက် ဇရာသုတ် ပြီး၏။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Português
- Michael Beisert (2006)
Русский
- Н. И. Герасимов (2009)
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Slovenščina
- Ajahn Hiriko
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဇရာသုတ်
အကြောင်းအရာများ [၁]
English