ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Ānandajoti (1999)
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Русский
- Н. И. Герасимов (2010)
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဇတုကဏ္ဏိမာဏဝပုစ္ဆာ
၁၁ဝ၃။ (ဇတုကဏ္ဏိသည် ဤသို့ မေးလျှောက်၏) -
လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ကာမကို လိုလားခြင်း ကင်းတော်မူသော အသျှင်ဘုရားကို (အရဟံစသော ဂုဏ်နှင့် ပြည့်စုံ၏ဟု) ကြားသိ ရ၍ သြဃလေးဖြာ သံသရာမှလွတ်မြောက်ပြီးသော လိုလားမှု ကာမကင်းတော်မူသော အသျှင်ဘုရားကို မေးလျှောက်ခြင်းငှါလာရောက်ခဲ့ပါ၏။ ဘုရားဖြစ်သည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတဉာဏ်ကို ရတော်မူသော မြတ်စွာဘုရားငြိမ်းအေးမှု နိဗ္ဗာန်ကို ဟောတော်မူပါလော့၊ဟုတ်မှန်တိုင်းသော ထိုနိဗ္ဗာန်ကို မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၁)
၁၁ဝ၄။ တန်ခိုးရှိသော နေမင်းသည် တန်ခိုးဖြင့် မြေကို လွှမ်းမိုး၍ ဖြစ်သကဲ့သို့ ဤအတူမြတ်စွာဘုရားသည် ကာမတို့ကို လွှမ်းမိုး၍ ဖြစ်တော်မူ၏။ မြေကြီးကဲ့သို့ ကျယ်ပြန့်သော ပညာရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် ဤသာသနာတော်၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျက်နိုင်သော အကြင်တရားကို အကျွန်ုပ် သိရာ၏။ ထိုတရားကို ပညာနည်းသော အကျွန်ုပ်အားဟောကြားတော်မူပါလော့။ (၂)
၁၁ဝ၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
ဇတုကဏ္ဏိ ကာမမှ ထွက်မြောက်ရာ (နိဗ္ဗာန်) ကို ဘေးကင်းရာဟု ရှုမြင်၍ ကာမတို့၌ တပ်မက်မောမှုကို ပယ်ဖျောက်လော့၊ (တဏှာဒိဋ္ဌိဖြင့်) စွဲယူအပ်သော ပယ် စွန့်သင့် ပယ်စွန့်ထိုက်သော ရာဂစသောကြောင့်ကြမှုသည် သင့်အား မဖြစ်စေ လင့်။ (၃)
၁၁ဝ၆။ အတိတ်သင်္ခါရတို့ကို (အာရုံပြု၍ ဖြစ်သော) ကိလေသာမျိုးကို ခြောက် ခန်းစေလော့၊ အနာဂတ်သင်္ခါရတို့ကို (အာရုံပြု၍ ဖြစ်သော ရာဂစသော) ကြောင့်ကြမှု သင့်အား မဖြစ်စေလင့်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို တဏှာဒိဋ္ဌိအားဖြင့် သင် မစွဲယူခဲ့မူ ကိလေသာ ငြိမ်းအေးသည်ဖြစ်၍ နေရလတ္တံ့။ (၄)
၁၁ဝ၇။ ဇတုကဏ္ဏိ အကြင်အာသဝတို့ဖြင့် သေမင်း၏အလိုသို့ လိုက်ရ၏။ နာမ် တရားရုပ်တရားအားလုံး၌ (ငါ ငါ၏ဥစ္စာဟု) မြတ်နိုးစွဲလမ်းမှု ကင်းပြီးသော ထိုရဟန္တာပုဂ္ဂိုလ်အားထိုအာသဝတို့ မရှိတော့ကုန်။ (၅)
တစ်ဆယ့်တစ်ခုမြောက် ဇတုကဏ္ဏိမာဏဝပုစ္ဆာ ပြီး၏။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Ānandajoti (1999)
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Русский
- Н. И. Герасимов (2010)
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဇတုကဏ္ဏိမာဏဝပုစ္ဆာ
အကြောင်းအရာများ [၁]
English