ဘာသာပြန်ချက်များ [၂၁]
English
- Bhikkhu Ānandajoti (1999)
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Português
- Michael Beisert (2006)
Русский
- Н. И. Герасимов (2010)
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Lietuvių Kalba
- Sayalay Piyadassi (2022)
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အဇိတမာဏဝပုစ္ဆာ
၁ဝ၃၉။ (အဇိတသည် ဤသို့ မေးလျှောက်၏) -
လောကကို အဘယ်တရားက ဖုံးလွှမ်းထားပါသနည်း၊ လောကသည် အဘယ်တရားကြောင့် မထင်ရှားပါသနည်း၊ အဘယ်တရားကို လိမ်းကျံကပ်ငြိတတ်သောတရားဟု ဟောတော်မူပါ သနည်း၊ အဘယ်တရားသည် ထိုလောက၏ ဘေးကြီး ဖြစ်ပါသနည်း။ (၁)
၁ဝ၄ဝ။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
အဇိတ လောကကို မသိမှု 'အဝိဇ္ဇာ' က ဖုံးလွှမ်းထား၏။ မိမိအားသာ ဖြစ်စေလို၍ သူတစ်ပါးအား မဖြစ်စေလိုမှု 'မစ္ဆရိယ'နှင့် မေ့လျော့မှု 'ပမာဒ' တရားကြောင့် လောကသည် မထင်ရှား၊ မြည်တမ်းကြောင်း (တဏှာ) ကို (လောကကို) လိမ်းကျံ ကပ်ငြိတတ်သောတရားဟု ငါ ဆို၏။ သံသရာဝဋ် (ဒုက္ခ)သည် ထိုလောက၏ ဘေးကြီး ဖြစ်၏။ (၂ဝ)
၁ဝ၄၁။ (အဇိတသည် ဤသို့ မေးလျှောက်၏) -
အာယတနအားလုံးတို့၌ တဏှာအလျဉ်တို့သည် စီးကုန်၏။ တဏှာအလျဉ်တို့ကို အဘယ်တရားသည် တားမြစ်ပိတ်ပင်နိုင်ပါသနည်း၊ တဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့နိုင်သောတရားကို ဟောတော်မူပါလော့၊ အဘယ်တရားက တဏှာအလျဉ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်ပါသနည်း။ (၃)
၁ဝ၄၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
အဇိတ လောက၌ စီးသွားကုန်သောတဏှာအလျဉ်တို့ကို အောက်မေ့မှု 'သတိ'သည် တားမြစ်ပိတ်ပင်နိုင်၏။ တဏှာအလျဉ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်သောတရားကို ငါဆိုအံ့၊ ပညာက ထိုတဏှာအလျဉ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်၏။ (၄)
၁ဝ၄၃။ (အဇိတသည် ဤသို့ မေးလျှောက်၏) -
အသျှင်ဘုရား ပညာသည်လည်းကောင်း၊ သတိသည်လည်းကောင်း၊ နာမ်ရုပ်သည် လည်းကောင်း ရှိပါ၏။ ဤပညာ သတိ နာမ်ရုပ်တရားသည် အဘယ်၌ ချုပ်ပါသနည်း၊ မေးအပ်သော အသျှင်ဘုရားသည် ဤအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၅)
၁ဝ၄၄။ အဇိတ သင်မေးအပ်သော အမေးပြဿနာကို ငါ ဖြေအံ့၊ အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ကုသိုလ်ကံ အကုသိုလ်ကံ ဟူသော အဘိသင်္ခါရဝိညာဏ်၏ ချုပ်ရာ နိဗ္ဗာန်၌ ဤနာမ်ရုပ်သည် ချုပ်၏။ (၆)
၁ဝ၄၅။ မြတ်စွာဘုရား ဤလောက၌ အကြင်ပုဂ္ဂိုလ်တို့သည်ကား တရားကိုသိပြီးသော ရဟန္တာပုဂ္ဂိုလ် ဖြစ်ကုန်၏။ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်ကား ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့၏ အကျင့်ကို မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော အသျှင်ဘုရားသည် အကျွန်ုပ်အား ဟောတော်မူပါလော့ (ဟု လျှောက်၏)။ (၇)
၁ဝ၄၆။ ရဟန်းသည် ကာမတို့၌ မတပ်မက် မတွယ်တာရာ၊ စိတ်ညစ်ညူး နောက်ကျုသူ မဖြစ်ရာ၊ တရားအားလုံးတို့၌ လိမ္မာသည် သတိရှိသည်ဖြစ်၍ နေထိုင်ရာ၏ဟု (ဟောတော်မူ၏)။ (၈)
ရှေးဦးစွာသော အဇိတမာဏဝပုစ္ဆာ ပြီး၏။
ဘာသာပြန်ချက်များ [၂၁]
English
- Bhikkhu Ānandajoti (1999)
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Português
- Michael Beisert (2006)
Русский
- Н. И. Герасимов (2010)
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Lietuvių Kalba
- Sayalay Piyadassi (2022)
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အဇိတမာဏဝပုစ္ဆာ
အကြောင်းအရာများ [၁]
English