ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Laera et al. (2015)
Русский
- Алокананда бхиккху
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဇဋိလသုတ်
၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာမြို့ ဂယာသီသတောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသော ရသေ့တို့သည် ချမ်းအေးကုန်သော ဆောင်းဥတု ညဉ့်အခါတွင် (တပို့တွဲ တပေါင်းလတို့၏) အကြား ရှစ်ညဉ့်တို့ဝယ် ဆီးနှင်းကျရာအခါ၌ ''ဤအကျင့်ဖြင့် စင်ကြယ်၏''ဟု ဂယာဆိပ်၌ ငုပ်လည်း ငုပ်ကြကုန်၏။ ပေါ်လည်း ပေါ်ကြကုန်၏။ ငုပ်ခြင်း ပေါ်ခြင်းကိုလည်း ပြုကြကုန်၏။ (ရေဖြင့်) ခပ်၍ (မိမိကိုယ်ကို) လည်း သွန်းလောင်းကြကုန်၏။ မီးကိုလည်း ပူဇော်ကြကုန်၏။
မြတ်စွာဘုရားသည် ချမ်းအေးသော ဆောင်းဥတု ညဉ့်အခါတွင် (တပို့တွဲ တပေါင်းလတို့၏) အကြား ရှစ်ညဉ့်တို့ဝယ် ဆီးနှင်းကျရာအခါ၌ ''ဤအကျင့်ဖြင့် စင်ကြယ်၏''ဟု ဂယာဆိပ်၌ ငုပ်လည်းငုပ် ပေါ်လည်း ပေါ်ကြကုန်သော ငုပ်ခြင်း ပေါ်ခြင်းကိုလည်း ပြုကြကုန်သော ရေဖြင့်လည်းခပ်၍ (မိမိကိုယ်ကို) လည်း သွန်းလောင်းကြကုန်သော မီးကိုလည်း ပူဇော်ကြကုန်သော ထိုများစွာသော ရသေ့တို့ကို မြင်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ဤဂယာမြစ်ဆိပ်၌ များစွာသော လူအပေါင်းသည် ရေချိုး၏။ ရေကြောင့် စင်ကြယ်ခြင်းကား မဖြစ်နိုင်၊ အကြင်ပုဂ္ဂိုလ်၌ သစ္စာသည်လည်းကောင်း မဂ်ဖိုလ်တရားသည်လည်းကောင်း ရှိ၏။ ထိုပုဂ္ဂိုလ်သည် စင်ကြယ်၏။ ထိုပုဂ္ဂိုလ်သည်သာ ဗြာဟ္မဏ (ရဟန္တာ) မည်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
နဝမသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Laera et al. (2015)
Русский
- Алокананда бхиккху
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဇဋိလသုတ်
အကြောင်းအရာများ [၀]