ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Алокананда бхиккху
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
ဒဏ္ဍသုတ်
၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသောသူငယ်တို့သည်သာဝတ္ထိမြို့နှင့် ဇေတဝန်ကျောင်း၏ အကြား၌ မြွေကို တုတ်ဖြင့် ရိုက်နှက်ညှဉ်းဆဲကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်တော်မူပြီးလျှင် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် သာဝတ္ထိမြို့နှင့် ဇေတဝန်ကျောင်း၏အကြား၌ မြွေကို တုတ်ဖြင့် ရိုက်နှက်ညှဉ်းဆဲကြသော များစွာသော သူငယ်တို့ကို မြင်တော်မူ၏။
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်သူသည် မိမိ၏ ချမ်းသာကို ရှာမှီးသည်ဖြစ်၍ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန် စသည်ဖြင့် ရိုက်နှက် ညှဉ်းဆဲ၏။ ထိုသူသည် တမလွန်ဘဝ၌ ချမ်းသာကို မရနိုင်။
အကြင်သူသည် မိမိ၏ချမ်းသာကို ရှာမှီးသည်ဖြစ်၍ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန် စသည်ဖြင့် မရိုက်နှက် မညှဉ်းဆဲ၊ ထိုသူသည်သာ တမလွန်ဘဝ၌ ချမ်းသာကို ရနိုင်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
တတိယသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Алокананда бхиккху
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
- Peter van Loosbroek
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
ဒဏ္ဍသုတ်
အကြောင်းအရာများ [၀]