ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Алокананда бхиккху
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
ဧကပုတ္တကသုတ်
၁၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဥပါသကာတစ်ယောက်၏ ချစ်အပ် နှစ်သက်အပ်သောတစ်ဦးတည်းသော သားသည် ကွယ်လွန်လေ၏။
ထိုအခါ စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိကုန်သော များစွာသော ဥပါသကာတို့သည် နေ့ခင်းချည်း အချိန်၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ကြကုန်၏။ တစ်ခုသောအရပ်၌ ထိုင်ကြသော ထိုဥပါသကာတို့ကို မြတ်စွာဘုရားသည် ''စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိကုန်သော ဥပါသကာတို့ သင်တို့သည် အဘယ့်ကြောင့် ငါ့ထံသို့ နေ့လယ်ချည်းအချိန်၌ ချဉ်းကပ်ကုန် သနည်း''ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသော် ထိုဥပါသကာသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား တပည့်တော်၏ ချစ်အပ်နှစ်သက်အပ်သောတစ်ဦးတည်းသော သားသည် ကွယ်လွန်ခဲ့ပါ၏။ ထို့ကြောင့် စိုစွတ်သော အဝတ်စိုစွတ်သော ဆံရှိသောတပည့်တော်တို့သည် နေ့ (မွန်းတည့်ချိန်) ၌ အသျှင်ဘုရားထံသို့ ချဉ်းကပ်ပါကုန်၏''ဟု လျှောက်၏။
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ချစ်အပ်သော သဘောရှိသော ရူပက္ခန္ဓာ စသည်တို့၌ သာယာမှုဖြင့် တပ်မက်ကြသော နတ်အပေါင်းတို့သည်လည်းကောင်း၊ လူအပေါင်းတို့သည်လည်းကောင်း ဆင်းရဲကုန်လျက် ဆုတ်ယုတ်ကုန်၍ သေမင်း၏အလိုသို့ လိုက်ပါကြရကုန်၏။
အကြင်ပုဂ္ဂိုလ်တို့သည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း မေ့လျော့ခြင်း မရှိဘဲ ချစ်အပ်သော သဘောရှိသော ခန္ဓာငါးပါးကို စွန့်ကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် လွန်မြောက်နိုင်ခဲသည့် သေမင်းသုံးသပ်အပ်သော ဝဋ်ဆင်းရဲအမြစ်ကို တူးဖြိုနိုင်ကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
သတ္တမသုတ်။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Алокананда бхиккху
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
ဧကပုတ္တကသုတ်
အကြောင်းအရာများ [၁]
English