ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Laera et al. (2015)
Русский
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အပ္ပါယုကသုတ်
၄၂။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည်ညနေချမ်းအခါတစ်ယောက်တည်း ကိန်းအောင်းရာမှ ထလျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေပြီးသော်မြတ်စွာဘုရားကို ''အသျှင်ဘုရားအံံ့သြဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရား၏မယ်တော်သည်အလွန်နည်းသော အသက်ရှိ၏။ မြတ်စွာဘုရား မွေးဖွားပြီးနောက်ခုနစ်ရက်မြောက်၌ ကွယ်လွန်၍ တုသိတာနတ်ပြည်၌ ဖြစ်ပါ၏''ဟု လျှောက်၏။
အာနန္ဒာဟုတ်ပေ၏။ အာနန္ဒာ ဘုရားလောင်းမယ်တော်တို့သည် နည်းသော အသက်ရှိကုန်၏။ ဘုရားလောင်းကို ဖွားမြင်ပြီးနောက်ခုနစ်ရက်မြောက်၌ ကွယ်လွန်ကြ၍ တုသိတာနတ်ပြည်၌ ဖြစ်ကြရကုန်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''အကြင်သတ္တဝါတို့သည် ဖြစ်ဆဲဖြစ်ကုန်၏။ အကြင်သတ္တဝါတို့သည်လည်း နောင် ဖြစ်ကုန်လတ္တံ့။ ထိုသတ္တဝါအားလုံးသည်ခန္ဓာကိုယ်ကို ပယ်စွန့်၍ သွားကြကုန်လတ္တံ့။ လိမ္မာသူ ပညာရှိသည်ထိုအလုံးစုံပျက်စီးဆုံးရှုံးခြင်းကို သိမြင်၍ ပြင်းထန်သော လုံ့လရှိလျက်မြတ်သောအကျင့်ကို ကျင့်ရာ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Laera et al. (2015)
Русский
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အပ္ပါယုကသုတ်
အကြောင်းအရာများ [၁]
English