ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယလကုဏ္ဍကဘန္ဒိယသုတ်
၆၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင့်သာရိပုတြာသည် အသျှင်လကုဏ္ဍကဘဒ္ဒိယကို သေက္ခဟု အောက်မေ့မှတ်ထင်သောကြောင့် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ အတိုင်းထက်အလွန် များစွာသော အကြောင်းဖြင့် (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။
အသျှင်လကုဏ္ဍကဘဒ္ဒိယကို သေက္ခဟု အောက်မေ့မှတ်ထင်လျက် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ အတိုင်းထက်အလွန် များစွာသော အကြောင်းဖြင့် (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရား မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ပုဂ္ဂိုလ်အား ကိလေသာဝဋ် ကမ္မဝဋ်နှစ်ပါးသည် အကြွင်းမဲ့ ပြတ်လေပြီ။ တဏှာကင်းရာနိဗ္ဗာန်ကို အထူးသဖြင့် ရခဲ့ပြီ။ လေးခုမြောက် မဂ်ဉာဏ်တည်းဟူသော နေမင်း၏ဖြစ်ပေါ်မှုကြောင့် အကြွင်းမဲ့ ခြောက်ခန်းခဲ့သောတဏှာဟူသော မြစ်ကြီးသည် မစီးမဆင်းနိုင်တော့ချေ၊ ကိလေသာဝဋ်ပြတ်သဖြင့် ပြတ်လေပြီးသော ကမ္မဝဋ်သည် တဝဲလည်လည် မဖြစ်နိုင်တော့ပေ၊ ထိုပုဂ္ဂိုလ်အားကိလေသာဝဋ် ကမ္မဝဋ် ပြတ်သဖြင့် ထိုဝိပါကဝဋ်၏ မဖြစ်ခြင်းသည် ပင် အလုံးစုံသော သံသရာဝဋ်ဆင်းရဲ၏ အဆုံး ဖြစ်လေတော့၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယလကုဏ္ဍကဘန္ဒိယသုတ်
အကြောင်းအရာများ [၀]