ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
တဏှာသင်္ခယသုတ်
၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အညာသိကောဏ္ဍညသည် မြတ်စွာဘုရား၏ မနီးမဝေး၌ တဏှာကုန်ခန်းပြီးသော အရဟတ္တဖိုလ် ဝိမုတ္တိချမ်းသာကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။
မြတ်စွာဘုရားသည် မနီးမဝေး၌ တဏှာကုန်ခန်းပြီးသော အရဟတ္တဖိုလ် ဝိမုတ္တိချမ်းသာကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေထိုင်နေသော အသျှင်အညာသိကောဏ္ဍညကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ပုဂ္ဂိုလ်အား (အဝိဇ္ဇာတဏှာဟူသော) အမြစ် မရှိ၊ (အာသဝ, နီဝရဏ စသော) မြေလည်း မရှိ၊ (မာန, အတိမာနစသော) အခက်အလက်တို့လည်း မရှိကုန်။ (မဒ, ပမာဒ, မာယာ, သာဌေယျစသော) အရွက်တို့ကား အဘယ်မှာရှိအံ့ နည်း? သမ္မပ္ပဓာန်လုံ့လရှိ၍ အနှောင်အဖွဲ့မှ လွတ်ပြီးသော ထိုပုဂ္ဂိုလ်ကို အဘယ်သူသည် ကဲ့ရဲ့ခြင်းငှါ ထိုက်အံ့နည်း? ထိုပုဂ္ဂိုလ်ကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏။ ဗြဟ္မာပင်သော်လည်း ချီးမွမ်းရ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
ဆဋ္ဌမသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
တဏှာသင်္ခယသုတ်
အကြောင်းအရာများ [၀]