ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Türkçe
- Cem Şen (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ကစ္စာနသုတ်
၆၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု ကောင်းစွာတည်သော ကာယဂတာသတိဖြင့်ကိုယ်ကို ဖြောင့်မတ်စွာထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။
မြတ်စွာဘုရားသည် မနီးမဝေး၌ ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု ကောင်းစွာတည်သော ကာယဂတာ သတိဖြင့်ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်မဟာကစ္စည်းကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''ငါ့အား (ကိလေသာကံသည်) အကယ်၍ အတိတ်ကာလက မဖြစ်ခဲ့ပါမူ ဤပစ္စုပ္ပန် ကာလ၌ ငါ၏အတ္တဘောသည် မဖြစ်တန်ရာ၊ ဤပစ္စုပ္ပန်အတ္တဘော၌ ငါ့အား ကိလေသာကံ အကယ်၍ မဖြစ်ငြားအံ့၊ နောင်အနာဂတ်ကာလ၌ ဝိပါကဝဋ်ဖြစ်မည် မဟုတ်ဟု အကြင်ပုဂ္ဂိုလ်အား ဤသို့ ကိုယ်၌ တည်သော သတိသည် အခါ ခပ်သိမ်း အမြဲမပြတ် ဖြစ်ရာ၏။ ဤသို့ ထိုသင်္ခါရတရား၌ အနုပုဗ္ဗဝိပဿနာဖြင့် နေလေ့ရှိသော ထိုပုဂ္ဂိုလ်သည် (ဣန္ဒြေရင့်ကျက်သော) ကာလ၌သာလျှင် တဏှာကို လွန်နိုင် ရာ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
အဋ္ဌမသုတ်။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Michael Beisert
Русский
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Türkçe
- Cem Şen (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ကစ္စာနသုတ်
အကြောင်းအရာများ [၀]