ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Laera et al. (2015)
Русский
- SV theravada.ru (2009)
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ-ဒုတိယဒဗ္ဗသုတ်
၈ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် -
ရဟန်းတို့ ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင်တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား ဒဗ္ဗ၏ မီးမြိုက်လောင် ကျွမ်းပြီးသော ခန္ဓာကိုယ်မှ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်၊ ဥပမာသော်ကား မီးမြိုက်လောင်ကျွမ်းပြီးသော ထောပတ်မှဖြစ်စေ၊ ဆီမှဖြစ်စေ၊ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်သကဲ့သို့ ဤအတူ ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထကာ ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား ဒဗ္ဗ၏ မီးမြိုက်လောင်ကျွမ်းပြီးသော ခန္ဓာကိုယ်မှ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်ဟု (မိန့်တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''သံတူဖြင့် ထုခပ်အပ်သော တောက်လောင်နေသော အစဉ်အတိုင်း ငြိမ်းနေသော မီး၏ သွားရာကို မသိနိုင်သကဲ့သို့ ဤအတူ ကောင်းစွာ လွန်မြောက်ပြီး၍ ကာမ အနှောင်အဖွဲ့နှင့် သြဃလေးပါးမှ လွန်၍တည်ကုန်သောတုန်လှုပ်မှုမရှိသည့် နိဗ္ဗာန်ချမ်းသာကို ရကြသော ရဟန္တာပုဂ္ဂိုလ်တို့၏ လားရာ 'ဂတိ'ကို ပညတ်ရန် မရနိုင်တော့ချေ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
ဒသမသုတ်။
ရှစ်ခုမြောက် ပါဋလိဂါမိယဝဂ် ပြီး၏။
ဥဒါန်းပါဠိတော် မြန်မာပြန် ပြီးပြီ။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Ānandajoti (2008)
- Bhikkhu Sujato
日本語
- 関西パーリ語実習会 (2023)
Deutsch
- Karl Seidenstücker (1920)
- Sabbamitta
Italiano
- Enzo Alfano
Español
- F. Tola, C. Dragonetti (2009)
Português
- Laera et al. (2015)
Русский
- SV theravada.ru (2009)
- Леонид Шаповалов
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2024)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ-ဒုတိယဒဗ္ဗသုတ်
အကြောင်းအရာများ [၀]