လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၅]

သံခိတ္တသုတ်

၂၃၂။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ငါ ဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မည်းညစ်၍ မည်းညစ်သည့် အကျိုးရှိသော (ကဏှ ကဏှဝိပါက) ကံသည် ရှိ၏၊ ရဟန်းတို့ ဖြူစင်၍ ဖြူစင်သည့် အကျိုးရှိသော (သုက္က သုက္ကဝိပါက) ကံသည် ရှိ၏၊ ရဟန်းတို့ မည်းညစ် ဖြူစင်၍ မည်းညစ် ဖြူစင်သည့် အကျိုးရှိသော (ကဏှသုက္က ကဏှသုက္ကဝိပါက) ကံသည် ရှိ၏၊ ရဟန်းတို့ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင် သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော (အကဏှအသုက္က အကဏှအသုက္ကဝိပါက) ကံသည် ရှိ၏။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

အကြောင်းအရာများ [၀]