ဘာသာပြန်ချက်များ [၂၄]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Isidatta (2010)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2015)
Norsk
- Kåre A. Lie
Magyar
- Fenyvesi Róbert (2008)
Polski
- Piotr Jagodziński (2021)
Slovenščina
- Ajahn Hiriko
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သမာဓိဘာဝနာသုတ်
၄၁။ ရဟန်းတို့ သမာဓိပွါးများမှုတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရန် ဖြစ်သော သမာဓိပွါးများမှုသည် ရှိ၏၊ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန်ဖြစ်သော သမာဓိကို ပွါးများမှုသည် ရှိ၏၊ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အောက်မေ့ခြင်း ‘သတိ’ နှင့် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အလို့ငှါ ဖြစ်သော သမာဓိကို ပွါးများမှုသည် ရှိ၏။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အာသဝေါတရားတို့ ကုန်ခန်းရန်ဖြစ်သော သမာဓိကို ပွါးများမှုသည် ရှိ၏။
ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရန် ဖြစ်သော သမာဓိပွါးများမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကား ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရန်ဖြစ်သော သမာဓိ ပွါးများမှုတည်း။
ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန် ဖြစ်သော သမာဓိပွါးများမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အရောင် အလင်းဟူသော အမှတ်သညာကို နှလုံးသွင်း၏၊ နေ့ဟူသော အမှတ်သညာကို ဆောက်တည်၏၊ နေ့အခါ၌ကဲ့သို့ ထို့အတူ ညဉ့်အခါ၌ ညဉ့်အခါ၌ကဲ့သို့ ထို့အတူ နေ့အခါ၌ အရောင်အလင်းဟူသော အမှတ်သညာကို နှလုံးသွင်း၏၊ ဤသို့ ဟင်းလင်းဖြစ်သော မမြှေးမယှက်အပ်သော စိတ်ဖြင့် (ဒိဗ္ဗစက္ခု ဉာဏ်) အရောင်အလင်းနှင့် တကွသော စိတ်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကား ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန်ဖြစ်သော သမာဓိပွါးများမှုတည်း။
ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အောက်မေ့ခြင်း’သတိ’နှင့် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အလို့ငှါ ဖြစ်သော သမာဓိပွါးများမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား ဝေဒနာတို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ထင်ထင်ရှားရှား ဉာဏ်အား ထင်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ငြိမ်းကုန်၏။ သညာတို့သည် ထင်ထင်ရှားရှား။ပ။ ဝိတက်တို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ထင်ထင်ရှားရှား ဉာဏ်အား ထင်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ငြိမ်းကုန်၏။ ရဟန်းတို့ ဤသည်ကား ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အောက်မေ့ခြင်း ‘သတိ’ နှင့် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အလို့ငှါ ဖြစ်သော သမာဓိပွါးများမှုတည်း။
ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အာသဝေါတရားတို့ ကုန်ခန်းရန် ဖြစ်သော သမာဓိပွါးများမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ စွဲယူခြင်း ‘ဥပါဒါန်’၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့၌ “ရုပ်သည် ဤမျှ ရှိ၏၊ ရုပ်ဖြစ်ခြင်းသည် ဤသို့ သဘောရှိ၏၊ ရုပ်ချုပ်ခြင်းသည် ဤသို့သဘောရှိ၏၊ ဝေဒနာသည် ဤမျှ အတိုင်းအရှည် ရှိ၏၊ ဝေဒနာ၏ ဖြစ်ခြင်းသည် ဤသို့သဘော ရှိ၏၊ ဝေဒနာ၏ ချုပ်ခြင်းသည် ဤသို့သဘော ရှိ၏၊ သညာသည် ဤမျှ အတိုင်းအရှည်ရှိ၏၊ သညာ၏ ဖြစ်ခြင်းသည် ဤသို့သဘော ရှိ၏၊ သညာ၏ ချုပ်ခြင်းသည် ဤသို့ သဘော ရှိ၏၊ သင်္ခါရတို့သည် ဤမျှအတိုင်းအရှည် ရှိကုန်၏၊ သင်္ခါရတို့၏ ဖြစ်ခြင်းသည် ဤသို့ သဘော ရှိ၏၊ သင်္ခါရတို့၏ ချုပ်ခြင်းသည် ဤသို့သဘောရှိ၏၊ ဝိညာဉ်သည် ဤမျှ အတိုင်းအရှည်ရှိ၏၊ ဝိညာဉ်၏ ဖြစ်ခြင်းသည် ဤသို့သဘောရှိ၏၊ ဝိညာဉ်၏ ချုပ်ခြင်းသည် ဤသို့သဘော ရှိ၏”ဟု အဖြစ်အပျက်ကို အဖန်ဖန်ရှုလျက် နေ၏။ အကြင် ပုဂ္ဂိုလ်အား “လောက၌ အယုတ်အမြတ်တို့ကို ဆင်ခြင်၍ တစ်စုံတစ်ခုသော လောက၌ တုန်လှုပ်ခြင်းသည် မရှိ၊ (ကိလေသာမှ ငြိမ်းပြီးသော)၊ (အမျက်ထွက်ခြင်း) အခိုးမရှိသော၊ ဆင်းရဲကြောင်း (ကိလေသာမရှိသော)၊ တပ်မက်ခြင်း ကင်းသော ထိုရဟန်းသည် ပဋိသန္ဓေနေခြင်း အိုခြင်းကို လွန်မြောက်ပြီဟု ငါဆို၏” (ဟူ၍ ဖြေကြားခဲ့သတည်း)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၂၄]
English
- Bhikkhu Sujato
- Bhikkhu Thanissaro (1998)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- buddha-vacana.org
- Rémy Zins (2022)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Isidatta (2010)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2015)
Norsk
- Kåre A. Lie
Magyar
- Fenyvesi Róbert (2008)
Polski
- Piotr Jagodziński (2021)
Slovenščina
- Ajahn Hiriko
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন স্থবির, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
သမာဓိဘာဝနာသုတ်
အကြောင်းအရာများ [၀]