ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Русский
- SV theravada.ru (2025)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယ စက္ကာနုဝတ္တနသုတ်
၁၃၂။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော စကြဝတေးမင်း၏ သားကြီးသည် ခမည်းတော်လည်စေအပ်သော စကြာရတနာကို တရားဖြင့်သာလျှင် အတုလိုက်၍ လည်စေ၏၊ ထိုစကြာရတနာကိုရန်သူဖြစ်သော လူသတ္တဝါ တစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤလောက၌ စကြဝတေးမင်း၏ သားကြီးသည်—
အကျိုးကိုလည်း သိ၏။
(အစဉ်အလာ) တရားကိုလည်း သိ၏။
အတိုင်းအရှည်ကိုလည်း သိ၏။
အခါကာလကိုလည်း သိ၏။
ပရိသတ်ကိုလည်း သိ၏။
ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော စကြဝတေးမင်း၏ သားကြီးသည် ခမည်းတော်လည်စေအပ်သော စကြာရတနာကို တရားဖြင့်သာလျှင် အတုလိုက်၍ လည်စေ၏၊ ထိုစကြာရတနာကိုရန်သူဖြစ်သော လူသတ္တဝါတစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။
ရဟန်းတို့ ဤအတူသာလျှင် တရား ငါးမျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် ငါဘုရားလည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို ကောင်းစွာ အတုလိုက်၍ လည်စေ၏၊ ထိုဓမ္မစက်ကိုသမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူတစ်စုံတစ်ယောက်ကမျှ မဖျက်ဆီးမတားမြစ်နိုင်။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ သာရိပုတြာသည်—
အကျိုးကိုလည်း သိ၏။
တရားကိုလည်း သိ၏။
အတိုင်းအရှည်ကိုလည်း သိ၏။
အခါကာလကိုလည်း သိ၏။
ပရိသတ်ကိုလည်း သိ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် ငါဘုရားလည်စေအပ်သောအတုမရှိသော ဓမ္မစက်ကို ကောင်းစွာ အတုလိုက်၍ လည်စေ၏၊ ထိုဓမ္မစက်ကို သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူတစ်စုံတစ်ယောက်ကမျှ မဖျက်ဆီးမတားမြစ်နိုင်ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၄]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyānatiloka Thera (1907)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Русский
- SV theravada.ru (2025)
বাংলা
- প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဒုတိယ စက္ကာနုဝတ္တနသုတ်
အကြောင်းအရာများ [၀]