ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အန္ဓကရဏသုတ်
၈၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ဤအကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်ကုန်၏။ ပညာ စက္ခုကို ့မပြုတတ်ကုန်၊ မသိခြင်းကို ပြုတတ်ကုန်၏။ ပညာကို တားမြစ်ပိတ်ပင်တတ်ကုန်၏။ ဆင်းရဲခြင်းအဖို့ရှိကုန်၏။ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်ကုန်။ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ ကာမဝိတက်သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်၏။ ပညာစက္ခုကို မပြုတတ်၊ မသိခြင်းကို ပြုတတ်၏။ ပညာကို တားမြစ်ပိတ်ပင်တတ်၏။ ဆင်းရဲခြင်းအဖို့ရှိ၏။ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်၊ ရဟန်းတို့ ဗျာပါဒဝိတက်သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်၏။ ပညာစက္ခုကို မပြုတတ်၊ မသိခြင်းကို ပြုတတ်၏။ ပညာကို တားမြစ်ပိတ်ပင်တတ်၏။ ဆင်းရဲခြင်းအဖို့ရှိ၏။ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်၊ ရဟန်းတို့ ဝိဟိံသာဝိတက်သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်၏။ ပညာစက္ခုကို မပြုတတ်၊ မသိခြင်းကို ပြုတတ်၏။ ပညာကို တားမြစ်ပိတ်ပင်တတ်၏။ ဆင်းရဲခြင်းအဖို့ရှိ၏။ ကိလေသာငြိမ်းအေးမှုကို မဖြစ်စေတတ်။ ရဟန်းတို့ ဤအကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်ကုန်၏။ ပညာစက္ခုကို မပြုတတ်ကုန်၊ မသိခြင်းကို ပြုတတ်ကုန်၏။ ပညာကို တားမြစ်ပိတ်ပင်တတ်ကုန်၏။ ဆင်းရဲခြင်းအဖို့ရှိကုန်၏။ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်ကုန်။
ရဟန်းတို့ ဤကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို မပြုတတ်ကုန်၊ ပညာစက္ခုကို ပြုတတ်ကုန်၏။ သိခြင်းကို ပြုတတ်ကုန်၏။ ပညာကို ပွါးစေတတ်ကုန်၏။ ဆင်းရဲခြင်း အဖို့မရှိကုန်၊ ကိလေသာ ငြိမ်းအေးခြင်းကို ဖြစ်စေတတ်ကုန်၏ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ နေက္ခမ္မဝိတက်သည်ပညာဉာဏ် ကန်းသည်ကို မပြုတတ်၊ ပညာစက္ခုကို ပြုတတ်၏။ သိခြင်းကို ပြုတတ်၏။ ပညာကို ပွါးစေတတ်၏။ ဆင်းရဲခြင်းအဖို့မရှိ၊ ကိလေသာ ငြိမ်းအေးမှုကို ဖြစ်စေတတ်၏။ ရဟန်းတို့ အဗျာပါဒဝိတက်သည် ပညာဉာဏ် ကန်းသည်ကို မပြုတတ်၊ ပညာစက္ခုကို ပြုတတ်၏။ သိခြင်းကို ပြုတတ်၏။ ပညာကို ပွါးစေတတ်၏။ ဆင်းရဲခြင်းအဖို့မရှိ၊ ကိလေသာ ငြိမ်းအေးမှုကို ဖြစ်စေတတ်၏။ ရဟန်းတို့အဝိဟိံသာ ဝိတက်သည် ပညာဉာဏ် ကန်းသည်ကို မပြုတတ်၊ ပညာစက္ခုကို ပြုတတ်၏။ သိခြင်းကို ပြုတတ်၏။ ပညာကို ပွါးစေတတ်၏။ ဆင်းရဲခြင်းအဖို့မရှိ၊ ကိလေသာ ငြိမ်းအေးမှုကို ဖြစ်စေတတ်၏။ ရဟန်းတို့ ဤကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို မပြုတတ်ကုန်၊ ပညာစက္ခုကို ပြုတတ်ကုန်၏။ သိခြင်းကို ပြုတတ်ကုန်၏။ ပညာကို ပွါးစေတတ်ကုန်၏။ ဆင်းရဲခြင်းအဖို့မရှိကုန်၊ ကိလေသာ ငြိမ်းအေးခြင်းကို ဖြစ်စေတတ်ကုန်၏ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက် သဘောကို -
''ယောဂါဝစရပုဂ္ဂိုလ်သည် ကုသလဝိတက်သုံးပါးတို့ကိုသာ ကြံစည်ရာ၏။ အကုသလဝိတက်သုံးပါးတို့ကို မူကား နှင်ထုတ်ပယ်စွန့်ရာ၏။ အခါ မဲ့ရွာသော မိုးကြီးသည် မြေမှ ထသော မြူမှုန့်အပေါင်းကို တစ်ခဏခြင်း ငြိမ်းပျောက်စေသကဲ့သို့ ထိုယောဂါဝစရပုဂ္ဂိုလ်သည် အကုသလဝိတက်တို့ကိုလည်းကောင်း၊ ထိုနှင့်ယှဉ်သော ဝိစာရတို့ကိုလည်းကောင်းငြိမ်းအေးကင်းပျောက်စေပြီးလျှင် မိစ္ဆာဝိတက် ငြိမ်းအေးသော မဂ်စိတ်ဖြင့် ဤဘဝ၌ပင် ငြိမ်းအေးရာနိဗ္ဗာန်ကို ရနိုင်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
အဋ္ဌမသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Català
- Albert Biayna Gea
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
အန္ဓကရဏသုတ်
အကြောင်းအရာများ [၀]