ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Español
- Anton P. Baron (2010)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2017)
Magyar
- Fenyvesi Róbert (2009)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—ခန္ဓသုတ်
၃၁၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ ဝေဒနာသည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ သညာသည်။ သင်္ခါရတို့သည် မမြဲကုန်၊ ဖောက်ပြန်တတ်ကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ကုန်၏။ ဝိညာဏ်သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ ရဟန်းတို့ ဤတရားတို့ကို ဤသို့ ယုံကြည်သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ မဖောက်ပြန်သည်၏ အဖြစ်ဖြင့် မြဲခြင်းသို့ သက်ဝင်သူ၊ သူတော်ကောင်းတို့ ဖြစ်ရာဘုံသို့ သက်ဝင်သူ၊ ပုထုဇဉ်တို့ ဖြစ်ရာဘုံကို လွန်မြောက်သူ၊ ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံတို့၌ ဖြစ်ရမည့်ကံကို ပြုခြင်းငှါမထိုက်သူ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက် မပြုရဘဲ သေခြင်းငှါလည်း မထိုက်သူဟု ဆိုအပ်၏။
ရဟန်းတို့ ဤတရားတို့ကို ဤသို့ ပညာ၏ အတိုင်းအရှည်အားဖြင့် ကပ်ရောက်ရှုနိုင်သူကို ပညာသို့အစဉ်လျှောက်၍ မဖောက်ပြန်သည်၏ အဖြစ်ဖြင့် မြဲခြင်းသို့ သက်ဝင်သူ၊ သူတော်ကောင်းတို့ဖြစ်ရာဘုံသို့ သက်ဝင်သူ၊ ပုထုဇဉ်တို့ ဖြစ်ရာဘုံကို လွန်မြောက်သူ၊ ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံတို့၌ ဖြစ်ရမည့်ကံကို ပြု ခြင်းငှါ မထိုက်သူ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက် မပြုရဘဲ သေခြင်းငှါလည်းမထိုက်သူဟု ဆိုအပ်၏။ ရဟန်းတို့ ဤတရားတို့ကို ဤသို့ သိသူ ဤသို့ မြင်သူကို အပါယ်သို့ကျခြင်းသဘော မရှိသော ကိန်း သေ မြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဟုဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
သြက္ကန္တသံယုတ် ပြီး၏။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Español
- Anton P. Baron (2010)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2017)
Magyar
- Fenyvesi Róbert (2009)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—ခန္ဓသုတ်
အကြောင်းအရာများ [၀]