ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပါရင်္ဂမသုတ်
၁၉၈။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (သံသရာဝဋ်ဟူသော) ဤဘက်ကမ်းမှ (နိဗ္ဗာန်တည်းဟူသော) ထိုဘက်ကမ်းသို့ ရောက်နိုင်ရန် ဖြစ်ကုန်၏။
အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (သံသရာဝဋ်ဟူသော) ဤဘက်ကမ်းမှ (နိဗ္ဗာန်တည်းဟူသော) ထိုဘက်ကမ်းသို့ ရောက်နိုင်ရန် ဖြစ်ကုန်၏။
လူတို့တွင် (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းသို့ ရောက်ကုန်သူတို့သည် အနည်း ငယ်သာ ဖြစ်ကုန်၏၊ ဤနိဗ္ဗာန်သို့ ရောက်သူမှ တစ်ပါး အခြားသော သတ္တဝါသည် ကား ဝဋ်ဆင်းရဲဟူသောဤဘက်ကမ်း၌သာလျှင် လှည့်လည်ပြေးသွားရ၏။
ကောင်းစွာ ဟောကြားအပ်သော ဗောဇ္ဈင်တရားတော်၌ တရားသို့ အစဉ်လိုက်၍ ကျင့်ကြသူတို့သည်ကူးမြောက်နိုင်ခဲသော သေမင်း၏ နိုင်ငံကို (လွန်မြောက်၍) နိဗ္ဗာန်ဟူသော တစ်ဖက်ကမ်းသို့ရောက်ကြရကုန်လတ္တံ့။
ပညာရှိသူသည် မည်းနက်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ (သံသရာ) ဝဋ်မှ နိဗ္ဗာန်ကိုအာရုံပြုလျက် ဖြူစင်သော (ကုသိုလ်) တရားကို ပွါးများရာ၏။
အကြင်ဆိတ်ငြိမ်မှု ‘ဝိဝေက’၌ မွေ့လျော်နိုင်ခဲ၏၊ ထိုဆိတ်ငြိမ်မှု ‘ဝိဝေက’ ၌ အလွန် မွေ့လျော်မှုကိုအလိုရှိရာ၏။ ပညာရှိသော သူသည် ကာမဂုဏ်တို့ကို ပယ်စွန့် လျက် ကိလေသာအကြွင်းအကျန် မရှိမူ၍စိတ်ကို ညစ်ညူးစေတတ်သော နီဝရဏ တရားတို့မှ မိမိကိုယ်ကို ဖြူစင်သန့်ရှင်းစေရာ၏။
အကြင်ပုဂ္ဂိုလ်တို့အား အရဟတ္တမဂ်၏ အကြောင်းဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးတို့၌ စိတ်ကို ပွါးများအပ်၏၊ ထိုပုဂ္ဂိုလ်တို့သည် မစွဲလမ်းမူ၍ စွဲလမ်းမှု ‘ဥပါဒါန်’ကို စွန့်ရာ နိဗ္ဗာန်၌ မွေ့လျော်ကြကုန်၏။ လောက၌အာသဝကုန်ပြီးသော ကြီးသောအာနုဘော်ရှိသော ထိုပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်ဝင်စံ ချုပ်ငြိမ်းကြကုန်၏ဟု (မိန့် တော်မူ၏)။
သတ္တမသုတ်။
ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပါရင်္ဂမသုတ်
အကြောင်းအရာများ [၁]
English