ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2014)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အယောနိသောမနသိကာရသုတ်
၂၁၆။ ရဟန်းတို့ မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’သည်လည်း အတိုင်းထက်အလွန်ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော စိတ်ပျံ့လွင့်မှုနောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း့အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
ယောနိသောမနသိကာရသုတ်
၂၁၇။ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ပ။ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2014)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အယောနိသောမနသိကာရသုတ်
အကြောင်းအရာများ [၁]
English