ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အာဝရဏနီဝရဏသုတ်
၂၁၉။ ရဟန်းတို့ ဤငါးပါးတို့သည် (ကုသိုလ်တရားကို) ပိတ်ပင်တတ်ကုန်၏၊ (ကုသိုလ်တရားကို) တားဆီးတတ်ကုန်၏၊ စိတ်ကို ညစ်ညူးစေတတ်ကုန်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊
ရဟန်းတို့ ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’သည် ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကိုတားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ပျက်စီးစေလိုမှု ‘ဗျာပါဒ’သည် ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကို တားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည် ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကို တားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည် ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကို တားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ သည်ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကို တားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။
ရဟန်းတို့ ဤတရားငါးပါးတို့သည် ကုသိုလ်တရားကို ပိတ်ပင်တတ်ကုန်၏၊ ကုသိုလ်တရားကိုတားဆီးတတ်ကုန်၏၊ စိတ်ကို ညစ်ညူးစေတတ်ကုန်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်၏။
ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မညစ်ညူးစေတတ်ကုန် သောဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (အရဟတ္တမဂ်အရဟတ္တဖိုလ်ဟူသော) အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊
ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မညစ်ညူးစေတတ်သော သတိ့သမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ပ။ ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မညစ်ညူးစေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက် ပြုခြင်းငှါ ဖြစ်၏။
ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မညစ်ညူးစေတတ်ကုန် သောဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron (2014)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အာဝရဏနီဝရဏသုတ်
အကြောင်းအရာများ [၁]
English