ဘာသာပြန်ချက်များ [၂၄]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
- Christelle Ah-Mouck (2026)
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
Magyar
- Vekerdi József (2014)
Polski
- Piotr Jagodziński (2024)
Türkçe
- Ufuk Çakmakçı (2025)
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—???သုတ်
၃၈၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သုမ္ဘတိုင်း သေဒကမည်သော သုမ္ဘတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား စဏ္ဍာလ (မည်သော) ဝါးတိုင်ကို တက်တတ်သော ဆရာသည် စဏ္ဍာလဝါးကိုစိုက်ထူစေ၍ မေဒကထာလိက မည်သော တပည့်အား “အမောင်မေဒကထာလိက လာလော့၊ သင်သည်စဏ္ဍာလဝါးတိုင် သို့ တက်၍ ငါ၏ ပခုံးထက်၌ ရပ်လော့”ဟု ပြော၏။ ရဟန်းတို့ “ဆရာကောင်းပါပြီ”ဟု တပည့်မေဒက ထာလိကသည် စဏ္ဍာလဝါးတိုင် တက်တတ်သော ဆရာအားဝန်ခံပြောကြားပြီးလျှင် စဏ္ဍာလဝါးတိုင်ထက် သို့ တက်၍ ဆရာ၏ ပခုံးထက်၌ ရပ်၏။ ရဟန်းတို့ ထိုအခါစဏ္ဍာလဝါးတိုင် တက်တတ်သော ဆရာသည် တပည့်မေဒကထာလိကအား “အမောင်မေဒကထာလိကသင်သည် အကျွန်ုပ်ကို စောင့်ရှောက်ပါ၊ အကျွန်ုပ် သည် သင့်ကို စောင့်ရှောက်ပါအံ့၊ ဤသို့ ငါတို့အချင်းချင်း လုံခြုံအောင် စောင့်ရှောက်ကြကာ အတတ် (ပညာ) တို့ကိုလည်း ပြကုန်အံ့၊ လာဘ်ကိုလည်းရကုန်အံ့၊ စဏ္ဍာလဝါးတိုင်မှလည်း ချမ်းသာစွာ ဆင်းနိုင် ကြကုန်အံ့”ဟု ပြောဆို၏။ ရဟန်းတို့ ဤသို့ပြောဆိုလတ်သော် မေဒကထာလိကသည် စဏ္ဍာလဝါးတိုင် တက်တတ်သည့် ဆရာအား “ဆရာဤစကားသည် မသင့်ပါ၊ ဤသို့ ဖြစ်ပါအံ့၊ ဆရာ သင်သည်လည်း မိမိကိုယ်ကို စောင့်ရှောက်ပါ၊ အကျွန်ုပ်သည်လည်း မိမိကိုယ်ကို စောင့်ရှောက်ပါအံ့၊ ဤသို့ အကျွန်ုပ်တို့ သည် မိမိကိုယ်ကိုသာလုံခြုံအောင် စောင့်ရှောက်ကြကာ အတတ်ပညာတို့ကိုလည်း ပြပါကုန်အံ့၊ လာဘ်ကို လည်း ရပါကုန်အံ့၊ စဏ္ဍာလဝါးတိုင်မှလည်း ချမ်းသာစွာ ဆင်းနိုင်ကြရပါကုန်အံ့”ဟု ပြောဆို၏။
“ထို (ဆရာတပည့်နှစ်ဦးတို့၏) စကားတို့တွင် ထိုတပည့်၏ စကားသည် သင့်မြတ်သောအကြောင်းဖြစ်ပေ၏”ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ရဟန်းတို့ တပည့်မေဒကထာလိကသည်ဆရာကို ပြောသကဲ့သို့ “မိမိကိုယ်ကို စောင့်ရှောက်အံ့”ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏၊ “သူတစ်ပါးကိုစောင့် ရှောက်အံ့”ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏။ ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော်သူတစ်ပါး ကိုလည်း စောင့်ရှောက်ရာ ရောက်၏၊ သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော်မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်၏။
ရဟန်းတို့ အဘယ်သို့လျှင် မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကို စောင့်ရှောက်ရာရောက်သနည်း။ အဖန်ဖန် မှီဝဲခြင်း ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏။ ရဟန်းတို့ အဘယ်သို့လျှင် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကို စောင့်ရှောက်ရာ ရောက်သနည်း။ သည်းခံခြင်း မညှဉ်းဆဲခြင်း မေတ္တာစိတ်ရှိခြင်း အစဉ်သနားခြင်းဖြင့် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်းစောင့်ရှောက်ရာ ရောက်ပေ၏။
“ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်အံ့”ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏၊ “သူတစ်ပါးကို စောင့်ရှောက်အံ့”ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏။ ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏၊ သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
ဘာသာပြန်ချက်များ [၂၄]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
- Christelle Ah-Mouck (2026)
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
Magyar
- Vekerdi József (2014)
Polski
- Piotr Jagodziński (2024)
Türkçe
- Ufuk Çakmakçı (2025)
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—???သုတ်
အကြောင်းအရာများ [၂]
English
Deutsch