ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2005)
Русский
- o Dhamma.gift (2026)
- SV theravada.ru (2011)
Norsk
- Kåre A. Lie (2019)
Türkçe
- Ufuk Çakmakçı (2025)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သာလသုတ်
၅၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလ တိုင်းသာလမည်သော ပုဏ္ဏားရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကိုမိန့်တော်မူ၏— ရဟန်းတို့ တိရစ္ဆာန်သတ္တဝါ အားလုံးတို့တွင် သားတို့သနင်း ခြင်္သေ့မင်းကို အားအစွမ်းဖြင့် လည်းကောင်း၊ လျင်မြန်ခြင်းဖြင့်လည်းကောင်း၊ ရဲရင့်ခြင်းဖြင့်လည်းကောင်း မြတ်၏ဟုဆိုအပ်သကဲ့သို့ ရဟန်းတို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့တွင် သိရန်အလို့ငှါ ပညိန္ဒြေကိုမြတ်၏ဟု ဆိုအပ် ၏။
ရဟန်းတို့ ဗောဓိပက္ခိယတရားတို့သည် အဘယ်တို့နည်း၊ ရဟန်းတို့ သဒ္ဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသဒ္ဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ဝီရိယိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုဝီရိယိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ သတိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသတိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ သမာဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသမာဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ပညိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုပညိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ရဟန်းတို့ တိရစ္ဆာန်သတ္တဝါအားလုံးတို့တွင် သားတို့သနင်း ခြင်္သေ့မင်းကို အားအစွမ်းဖြင့်လည်းကောင်း၊ လျင်မြန်ခြင်းဖြင့်လည်းကောင်း၊ ရဲရင့်ခြင်းဖြင့်လည်းကောင်း မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ဤအတူပင် ဗောဓိပက္ခိယတရားအားလုံး တို့တွင် သိရန်အလို့ငှါ ပညိန္ဒြေကို မြတ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2005)
Русский
- o Dhamma.gift (2026)
- SV theravada.ru (2011)
Norsk
- Kåre A. Lie (2019)
Türkçe
- Ufuk Çakmakçı (2025)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သာလသုတ်
အကြောင်းအရာများ [၁]
English