ဘာသာပြန်ချက်များ [၂၂]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Laera et al.
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Magyar
- Szabó Márta (2009)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အာဠဝိကာသုတ်
၁၆၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အာဠဝီမြို့သူ ဘိက္ခုနီမ သည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံ ဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့သည် ရှိသော် ဆိတ်ငြိမ်ခြင်းကို အလိုရှိသည်ဖြစ်၍ အန္ဓဝန်တောသို့ ချဉ်းကပ်လေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ် သည် အာဠဝီမြို့သူ ဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ ဆိတ်ငြိမ်စွာ နေခြင်းမှ ရွေ့လျောစေလို၍လည်းကောင်း အာဠဝီမြို့သူ ဘိက္ခုနီမထံသို့ ချဉ်း ကပ်၍ ဂါထာဖြင့် ရွတ်ဆို၏—
“လောက၌ ထွက်မြောက်ရာ (နိဗ္ဗာန်) သည် မရှိ၊ သင်သည် ဆိတ်ငြိမ်ခြင်းဖြင့် အသို့ပြုလိမ့်မည်နည်း၊ ကာမဂုဏ်မွေ့လျော်မှုကို ခံစားဦးလော့၊ နောင်အခါမှ ပူပန်ခြင်း မဖြစ်စေလင့်”ဟု ရွတ်ဆို၏။
ထိုအခါ အာဠဝီမြို့သူ ဘိက္ခုနီမအား “ဤဂါထာကို ရွတ်ဆိုသော ထိုသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဉ်းစားပြီးလျှင် “ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ ဆိတ်ငြိမ်စွာ နေခြင်းမှ ရွေ့လျောစေလို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏၊ ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ရွတ်ဆို၏—
“မာရ်နတ်ယုတ် လောက၌ ထွက်မြောက်ရာ (နိဗ္ဗာန်) သည် ရှိ၏၊ ငါသည် ပညာဖြင့် ကောင်းစွာ တွေ့ထိရ၏၊ သင်သည်မူကား ထို (နိဗ္ဗာန်) ကို မသိ။
မာရ်နတ်ယုတ် ကာမဂုဏ်တို့သည် လှံသွားနှင့် တူကုန်၏၊ ထိုသူတို့၏ ခန္ဓာတို့ သည် စဉ်းတီတုံး ဖြစ်ကုန်၏၊ သင်သည် အကြင်ကာမဂုဏ်၌ မွေ့လျော်မှုကို ဆို ဘိ၏၊ ငါ့အား ထိုကာမဂုဏ်၌ မွေ့လျော်မှု မဖြစ်နိုင်တော့ပြီ”ဟု ရွတ်ဆို၏။
ထိုအခါ ယုတ်မာသော မာရ်နတ်သည် “အာဠဝီမြို့သူ ဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
ဘာသာပြန်ချက်များ [၂၂]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Laera et al.
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Magyar
- Szabó Márta (2009)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အာဠဝိကာသုတ်
အကြောင်းအရာများ [၂]
English
Русский