ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2019)
Polski
- Piotr Jagodziński
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပဌမ ဘိက္ခုသုတ်
၉၉၁။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဘုရား တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် တရားလေးမျိုးတို့ကို ပြည့်စေ၏၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်၏၊ (ဤတရားမျိုးသည်) ရှိပါသလော”ဟု (လျှောက်ကုန်၏)။
ရဟန်းတို့ တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်တရားလေးမျိုးတို့ကို ပြည့်စေ၏၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်၏၊ (ဤတရားမျိုးသည်) ရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား အဘယ်တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် တရားလေးမျိုးတို့ကို ပြည့်စေပါသနည်း၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေပါကုန်သနည်း၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေပါကုန်သနည်းဟု လျှောက်ကုန် ၏။
ရဟန်းတို့ အာနာပါနဿတိသမာဓိဟူသော တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန် များစွာ့ပြုလုပ်အပ်သည်ရှိသော် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေ၏၊ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများ အပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’နှင့် လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စေကုန်၏။
ရဟန်းတို့ အာနာပါနဿတိသမာဓိကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိ သော်သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့သွားရောက်၍ဖြစ်စေ။ပ။ ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’နှင့် လွတ်မြောက်မှု ‘ဝိမုတ္တိ’ကို ပြည့်စေကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2019)
Polski
- Piotr Jagodziński
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပဌမ ဘိက္ခုသုတ်
အကြောင်းအရာများ [၀]