ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano (1999)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—နဝကမ္မိကသုတ်
၂ဝ၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း တောအုပ်တစ်ခု၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နဝကမ္မိကဘာရဒွါဇပုဏ္ဏားသည် ထိုတောအုပ်၌ အလုပ်ကိစ္စကို ပြုလုပ်စေ၏၊ နဝကမ္မိက ဘာရဒွါဇပုဏ္ဏားသည် တစ်ခုသော အင်ကြင်းပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်လျှင် ထိုပုဏ္ဏားအား “ငါသည် ဤတောအုပ်၌ အလုပ်ကိစ္စကို ပြုလုပ်စေလျက် မွေ့လျော်၏၊ ဤရဟန်းဂေါတမသည် အဘယ် အမှုကို ပြုစေလျက် မွေ့လျော်သနည်း”ဟု အကြံ ဖြစ်၏၊ ထို့နောက် နဝကမ္မိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—
“ရဟန်း သင် သည် အင် ကြင်း တော၌ အဘယ် မည် သော အမှုတို့ ကို ပြုအပ် ကုန် သနည်း၊ တော၌ တစ်ယောက်တည်း နေသော အသျှင်ဂေါတမသည် မွေ့လျော်မှုကို ရပါ၏လော”ဟု လျှောက်၏။
“ပုဏ္ဏား ငါ့အား တော၌ ပြုဖွယ်ကိစ္စ မရှိ၊ ငါသည် တောကိုလည်းကောင်း , ငြောင့်ကိုလည်းကောင်း အမြစ်ရင်းနှင့် တကွ ဖြတ်အပ်ပြီးပြီ။ ထိုငါသည် ကိလေသာ တော မရှိသည် ကိလေသာငြောင့်တံသင်း မရှိသည် ဖြစ်၍ မမွေ့လျော်ခြင်းကို ပယ်လျက် တော၌ တစ်ယောက်တည်း မွေ့လျော်၏”ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည်ရှိသော် နဝကမ္မိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano (1999)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—နဝကမ္မိကသုတ်
အကြောင်းအရာများ [၁]
English