ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org (1983)
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Português
- Michael Beisert (2005)
Русский
- Н. И. Герасимов (2010)
Nederlands
- Peter van Loosbroek
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2023)
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
နာဝါသုတ်
၃၁၉။ ယောကျာ်းသည် အကြင်ဆရာထံမှ တရားကို သိရာ၏။ နတ်တို့က သိကြားမင်းကို ပူဇော်ကုန်သကဲ့သို့ ထိုဆရာကို ပူဇော်ရာ၏။ ပူဇော်ထိုက်သော အကြားအမြင်များသော ထိုဆရာသည်ထိုပူဇော်သူတပည့်၌ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တရားကို ထင်ရှားစွာ ဖော်ပြပေ၏။ (၁)
၃၂ဝ။ အကြင်ပညာရှိသည် ထိုသို့ သဘောရှိသူကို မမေ့မလျော့ဘဲ ဆည်းကပ်၏။ ထိုပညာရှိသည်ထိုတရားကို အရိုအသေပြုလျက် ကောင်းစွာ နာ၍ စူးစမ်းဆင်ခြင် ကာလောကုတ္တရာတရားနှင့်လျော်သောအကျင့်ကို ကျင့်သောကြောင့် သိကြား လိမ္မာသူ ထင်ရှားပြနိုင်သူသိမ်မွေ့သူ ဖြစ်နိုင်၏။ (၂)
၃၂၁။ ယုတ်ညံ့သော ကာယကံမှုစသည်နှင့် ပြည့်စုံသော မိုက်မဲသော ပရိယတ် ပဋိပတ်ဓမ္မကို မသိသောတပည့်ကြီးပွါးမှုကို ငြူစူသော ဆရာကိုမှီဝဲနေသူတပည့်သည် ဤသာသနာတော်၌ တရားကို ထင်ရှားမသိသောကြောင့် ယုံမှားခြင်းကို မကူးမြောက်နိုင်ဘဲ သေခြင်းသို့ ရောက်ရ၏။ (၃)
၃၂၂။ ဥပမာသော်ကား များသော ရေရှိသော ကျယ်ပြန့်သော လျင်သော ရေ အလျဉ်ရှိသော မြစ်သို့ ဆင်းသက်၍ မျောလျက် ရေစုံအတိုင်း လိုက်နေရသောသူသည် သူတစ်ပါးတို့ကို ကယ်တင်ခြင်းငှါအဘယ်မှာ တတ်နိုင်အံ့နည်း။ (၄)
၃၂၃။ ထို့အတူ ပရိယတ်ပဋိပတ်တရားကို မသိမူ၍ အကြားအမြင်များသူတို့၏ အထံ၌လည်းအနက်သဘောကို မနာခံ မမှတ်သား မိမိကိုယ်တိုင်လည်း မသိဘဲ ယုံမှားခြင်းကို မလွန်မြောက်နိုင်သူသည် သူတစ်ပါးတို့ကို သိမြင်စေခြင်းငှါ အဘယ်မှာ တတ်နိုင်အံ့နည်း။ (၅)
၃၂၄။ လှော်တက်ထိုးဝါးနှင့်လည်း ပြည့်စုံ ထိုလှေနှင့်စပ်ဆိုင်ရာ အကြောင်းကိုလည်းကျွမ်းကျင်လိမ္မာသော ပညာရှိသူသည် မြဲမြံခိုင်ခံ့သော လှေကို တက်စီး၍ ထိုလှေ၌ (တက်စီးကြသော) အခြားသူများစွာတို့ကိုလည်း ကယ်ဆယ်နိုင်သကဲ့သို့။ (၆)
၃၂၅။ ဤအတူပင် အကြင်ဆရာသည် နိဗ္ဗာန်သို့ ရောက်ပြီးသူ စိတ်ကို ပွါးများ ပြီးသူအကြားအမြင်များသူ (လောကဓံကြောင့် ) မတုန်လှုပ်သော သဘောရှိသူ ဖြစ်၏။ ထိုဆရာသည်မိမိကိုယ်တိုင် သိသည်ဖြစ်၍ နာယူမှတ်သားမှုနှင့် မဂ်ဖိုလ်၏ ဥပနိဿယပြည့်စုံကြသည့်တစ်ပါးသောသူတို့ကို သိမြင်စေနိုင်၏။ (၇)
၃၂၆။ ထို့ကြောင့် အကြားအမြင်များ၍ ပညာရှိသောသူတော်ကောင်းကို ဆည်း ကပ်ရာ၏။ အနက်သဘောကို သိ၍ ကျင့်သောသူသည် လောကုတ္တရာတရားကို သိပြီးဖြစ်ရကား ချမ်းသာကို ရနိုင်၏ဟု (မိန့်တော်မူ၏)။ (၈)
ရှစ်ခုမြောက် နာဝါသုတ် ပြီး၏။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
- Laurence Khantipalo Mills (2015)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org (1983)
Deutsch
- Nyanaponika Thera
- Sabbamitta (2019)
Afrikaans
- Prof. J.S. Krüger (1999)
Italiano
- Enzo Alfano
Português
- Michael Beisert (2005)
Русский
- Н. И. Герасимов (2010)
Nederlands
- Peter van Loosbroek
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2023)
தமிழ்
- Ben Arasu
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
နာဝါသုတ်
အကြောင်းအရာများ [၀]